ရွာတိုင်းအတွက်ကဗျာလက်ဆောင်
သစ္စာဆိုကြသူများ PDF Print E-mail
Friday, 18 May 2012 04:30

တစ်နေ့သ၌ ဒကာကိုထူးတစ်ယောက် ပျောက်ချက်သားကောင်းနေရာမှ ကျောင်းသို့ ရောက်၍ လာလေသည်။ ကိုထူးလာလျှင် ဆွေးနွေးစရာစကား ပါလာမြဲဖြစ်ရကား သတိရနေမိ သည့်အခိုက် ကိုထူးကို မြင်လိုက်ရသဖြင့် ဝမ်းသာမိလေတော့သည်။ ကိုထူးသည် ဘုရားကိုဦးချ၊ မိမိကိုဦးချပြီးလျှင် “နေကောင်းပါရဲ့လားဘုရား” ဟု နှုတ်ဆက်မေးမြန်းလေသည်။

 

အရှင်။ ။ ကောင်းပါတယ် ဒကာကိုထူး၊ မပေါ်လာတာ အတော်ကြာပါပကော။

 

ကိုထူး။ ။ တင်ပါ့၊ ဟိုသွား ဒီသွား အလုပ်များနေတာနဲ့ ကျောင်းနားကိုမရောက်ဖြစ်တာတောင် အတော်ကြာပါပြီဘုရား။

 

အရှင်။ ။ အင်း၊ ဒီလိုပဲ လူမှုရေး စီးပွါးရေးတွေက ရှိသေးတာကိုး။

 

ကိုထူး။   ။ တင်ပါ့။ ဒါနဲ့ဘုရား၊ တစ်လောက တပည့်တော် မြို့ကို ရောက်သွားတော့ သူငယ်ချင်းအိမ်မှာ ၂ ည အိပ်ခဲ့ရတယ်ဘုရား။ မနက် ၅ နာရီလောက်ရောက်တော့ တောင်ပေါ်မှာ ဘုရားတည်နေတဲ့ ဘုန်းကြီး သစ္စာဆိုတာတစ်ခု ထူးထူးဆန်းဆန်း ကြားလာခဲ့ရပါတယ်ဘုရား။

 

အရှင်။ ။ ပြောပါဦး ကိုထူးရဲ့။

Read more...
 
အားမကျနဲ့.. PDF Print E-mail
Monday, 16 January 2012 06:07

အားမကျနဲ့၊
သူ့မှာလည်း ဒုက္ခတွေရှိတယ်။
အားမကျနဲ့
ငါ့မှာလည်း ဒုက္ခတွေရှိတယ်။
မြင်အောင်ကြည့်ပါ၊
သူဖြစ်နေတာလည်း ဒုက္ခသစ္စာ။
ငါဖြစ်နေတာလည်း ဒုက္ခသစ္စာ။

သူ့ဒုက္ခကို မမြင်နိုင်ပဲ
သူကောင်းစားနေတယ်လို့ ထင်မိတာက အဝိဇ္ဇာ။
အားကျမိတာက တဏှာ။
သူ့လိုဖြစ်ချင်လာတာက ဥပါဒါန်။
သူ့လိုဖြစ်အောင် ကြံဖန်ပြောဆိုလုပ်ကိုင်တာက သင်္ခါရနဲ့ ကမ္မဘဝ။
Read more...
 
လင်္ကာမြေမှာတစ်နှစ်တာ (စ/ဆုံး) PDF Print E-mail
Thursday, 22 March 2012 09:30
ရွာတိုင်းအတွက် ကဗျာလက်ဆောင် ဘလော့ကလေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် "လင်္ကာမြေမှာ တစ်နှစ်တာ အခန်းဆက်ဆောင်းပါးများ" ကို အပိုင်း (၁၉) အထိသာ ဘလော့စာမျက်နှာပေါ်သို့ တင်နိုင်ခဲ့ပြီး၊  နောက်ပိုင်းဆက်လက်ရေးသားဖြစ်ခဲ့သော အပိုင်းများကိုမူ ကွန်နက်ရှင် အခက်အခဲကြောင့် ဘလော့ပေါ်သို့ မတင်ဖြစ်နိုင်ခဲ့ပါ။ သို့ရာတွင် မိမိရေးသားစုစည်းထားသည့် သီရိလင်္ကာ အတွေ့အကြုံများကို မပျောက်ပျက်စေလိုသောကြောင့် စာအုပ်တစ်အုပ်အဖြစ် အသွင်ပြောင်းကာ ထုတ်ဝေနိုင်ခဲ့ပါသည်။
ယခုအခါ လင်္ကာမြေမှာ တစ်နှစ်တာ (စ/ဆုံး) Pdf ဖိုင်ကို ဘလော့စာမျက်နှာပေါ်သို့ တင်နိုင်ခဲ့ပြန်ပါပြီ။ ဤစာအုပ်သည် သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်အားလုံး၏ ဘဝပုံရိပ်အားလုံးကို သိမ်းကျုံးမိနိုင်မည် မဟုတ်သော်လည်း ယေဘုယျ ဘဝတစ်စိတ်တစ်ဒေသကိုမူ ဖော်ညွှန်းပြနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဤစာအုပ်နှင့်ပတ်သက်၍ အကြံဉာဏ်ပေးလိုသည်များ၊ ဝေဖန်ဆွေးနွေးလိုမှုများရှိပါက This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ဆက်သွယ်နိုင်ကြပါကြောင်း..
လင်္ကမြေမှာတစ်နှစ်တာ (စ/ဆုံး) ဖတ်ရှုရန် (ဤနေရာကို ကလစ်ပါ)

 
ပစ္စုပ္ပန် PDF Print E-mail
Thursday, 03 May 2012 01:27
တစ်မိုးသောက်၍
အလင်းရောက်ပြီ။
ညဥ့်အောက်ဆီသို့ ငါမပြန်။
နက်ဖြန်ဆီသို့ ငါမသွား။
ဒီတစ်မိုးသောက်
အလင်းအောက်မှာ
ကောက်ယူစရာ ကြယ်တွေအပြည့်ရှိနေတယ်။

အရှင်ဝိသာရဒ (ရမ္မာဝတီ)
03.05.2012
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 14

ကျန်းမာကြပါစေ

ဤလောကတွင် တစ်ဦးကောင်း တစ်ယောက်ကောင်းရုံနှင့် ပြီးမြောက်နိင်သော ကိစ္စများရှိသကဲ့သို့ အများနှင့်ပူးပေါင်းဆောင်ရွက်ပါမှ ပြီးမြောက်နိုင်သော ကိစ္စများလည်း များစွာပင်ရှိပါသေး၏။
Please wait while JT SlideShow is loading images...
Photo Title 2Photo Title 3Photo Title 4

Leave Message

ပရဟိတလူငယ်များအသင်း

11

တောရွာလေးကသာသာယာယာ

ဓမ္မရေဒီယို

Guests Online

We have 3 guests online
clock counter

Visitors Dhamma Friends

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday11
mod_vvisit_counterYesterday20
mod_vvisit_counterThis week102
mod_vvisit_counterLast week100
mod_vvisit_counterThis month284
mod_vvisit_counterLast month612
mod_vvisit_counterAll days9905
Hosting အလှူရှင် စေတနာရှင်မလေးနှင့် ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း မှ ဓမ္မဒါနပြုပါသည်။